Home > လက်ထပ်ခြင်းအမျိုးအစားများ > ထိမ်းမြားခြင်း(၁၀)မျိုး

ထိမ်းမြားခြင်း(၁၀)မျိုး

ထိမ်းမြားခြင်း(၁၀)မျိုး

ပုဆိုးတန်းတင်ထိမ်းမြားခြင်း

သတို့သား၊သတို့သမီးနှစ်ဦးတို့သည် ပရိသတ်အလယ်သို့မထွက်ဘဲ မိမိတို့အိမ်မှာသာ လွတ်လပ်စွာနေကြပြီး ပရိသတ်များ
စားသောက်ပြီး၍ပြန်သွားသောအခါမှ သတို့သမီး၏အိပ်ခန်းအတွင်းရှိ ကြိုးတန်း၌ပုဆိုးလှမ်းတင်ခြင်းကိုခေါ်သည်။

လက်ဆုံစားထိမ်းမြားခြင်း

သတို့သား၊သတို့သမီးတို့သည် ထမင်း(သို့)မုန့်ပဲသွားရည်စာများကို လူကြီးမိဘများရှေ့မှောက်၌လက်ဆုံစားခြင်းဖြစ်သည် ။

လက်စွပ်လဲလှယ်၍ထိမ်းမြားခြင်း

သတို့သားဝတ်ဆင်ထားသောလက်စွပ်ကို သတို့သမီးသို့ပေးပြီး ၀တ်ဆင်ပေးခြင်း။သတို့သမီးဝတ်ထားသောလက်စွပ်ကို သတို့သားသို့
ဝတ်ဆင်ပေးခြင်းကိုမည်၏

အ၀တ်ပေး၍ထိမ်းမြားခြင်း

သတို့သားက သတို့သမီးအိမ်သို့သွားသည့်အခါ သတို့သမီး၏ဆွေမျိုးများက သတို့သားအား ရေချိုးစေပြီး အ၀တ်ပုဆိုးအသစ်ကို
လဲလှယ်ပေးခြင်းဖြစ်သည်။

လက်ထပ်၍ထိမ်းမြားခြင်း

သတို့သမီး၏လက်ယာဘက်လက်ကိုဇြန့်စေ၍ သတို့သား၏လက်ယာဘက်လက်ကို အပေါ်မှတင်စေပြီး ဘိသိတ်ဆရာဖြစ်စေ၊
လူကြီးလူကောင်း တစ်ဦးဦးကဖြစ်စေ ပရိသတ်အလယ်တွင် ထိမ်းမြားပေးခြင်းဖြစ်သည်။

ဒါလီဖွဲ့၍ထိမ်းမြားခြင်း

သတို့သား၊သတို့သမီး နှစ်ဦးစလုံး၏ဦးခေါင်း ဆံ့ဝင်လောက်အောင်စွပ်ရသော ရွှေဆွဲကြိုးကို ပန်းကုံးသဖွယ်ပြုလုပ်၍ သတို့သား၊သတို့သမီး
နှစ်ဦးစလုံးအားတစ်ခါတည်း စွပ်ပေး၍ထိမ်းမြားခြင်းဖြစ်သည်။

စုလျားရစ်ပတ်ထိမ်းမြားခြင်း

သတို့သမီး လွှားခြုံထားသော စုလျားတစ်ဘက်(သို့)ပုဝါကို သတို့သား သတို့သမီးနှစ်ဦးက ရစ်ပတ်၍ထိမ်းမြားခြင်းဖြစ်သည်။

ပန်းကုံးစွပ်၍ထိမ်းမြားခြင်း

သတို့သား၊သတို့သမီး တို့ရှေးဦးစွာစွပ်ထားသော ပန်းကုံးအားတစ်ဦးနှင့်တစ်ဦး လဲလှယ်၍စွပ်ပေးခြင်းဇြစ်သည်။

ရေခွက်၌လက်ဆုံချ၍ထိမ်းမြားခြင်း

ရေထည့်ထားသော ရေခွက် ရေဖလားတွင်မင်္ဂလာရှိသောအောင်သပြေပန်းများထည့်၍ သတို့သား၊သတို့သမီးတို့၏ လက်ယာဘက်လက်များကို
ချထားစေ၍ထိမ်းမြားခြင်းဖြစ်သည်။

ဦးထိပ်၌ရေစင်သွန်းဖျန်း၍ထိမ်းမြားခြင်း

ရွှေခွက်၊ငွေခွက်၊ဖန်ခွက် စသည်တို့၌ န၀ရတ်ကိုးသွယ် နံ့သာမျိုးငါးပါးတို့ကိုသွေးထည့်ပြီး သတို့သား၊သတို့သမီးတို့၏ ဦးခေါင်းထက်မှ
သပြေခက်နဲ့ ဖျန်းပက်သွန်းလောင်း၍ထိမ်းမြားခြင်းဖြစ်သည်။

ဒီဟာလေးကတော့ ကျွန်တော်တို့ရဲ့ www.myidgroup.org မှ ကိုကြည့်ရှောင်တင်ထားသော  ပို့စ်လေးပါ။ ကျွန်တော်လည်း ဝေမျှချင်တာနဲ ပြန်တင်ပေးတာပါ။

  1. No comments yet.
  1. No trackbacks yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s

Follow

Get every new post delivered to your Inbox.